Monday, March 24, 2008

ကိုယ့်ကိုယ်ကိုတာဝန်မကျေသလိုဘဲ


စိတ်မကောင်းတာတခုကတော့
အမေ့အတွက်ဘယ်အချိန်မှာအလုပ်အကျွေးပြုနိုင်မလဲလို.
ငွေအားနဲ.လည်းမထောက်ပံ့နိုင်
အနီးကပ် အလုပ်အကျွေးကလည်းဘယ်အချိန်ကျမှ လုပ်ပေးနိုင်မလဲ
ရောက်တုံးကတော့ကိုယ့်တတ်နိုင်သလောက်တော့လုပ်ပေးလိုက်တယ်
ဒါပေမဲ့အမေ့က အမေ့နဲ.အတူနေစေချင်တာဘယ်လိုလုပ်ရမလဲ
ဒီတခေါက်ပြန်လာခါနီးအမေ့ကိုကန်တော့ တော့အမေ့က အမေ့အိုကြီးကိုအလုပ်အကျွေးပြုစုနိုင်တဲ့သမီးဖြစ်ပါစေလို.
ဆုတောင်းပေးလိုက်တော့စိတ်ထဲမှာလုံးဝမကောင်းဘူး
ကားစီးလာတော့ဒီအကြောင်းဘဲစဉ်းစားမိတယ်
မြန်မြန်အလုပ်အကျွေးပြုနိုင်သူဖြစ်ပါစေလို.
ကိုယ့်အတွက်ဘဲကိုယ့်လုပ်နေသလိုဖြစ်နေတယ်

ရွှေတိဂုံဘုရားမှာလှူလိုက်ရတယ်.......


ဒီတနှစ်တော့ နှစ်စဉ်အဖေ့အတွက်လှူပေးနေကျ
ရေချမ်းတော်အလှူလေးကိုရွှေတိဂုံဘုရားမှာလှူလိုက်ရလို.စိတ်ထဲမှာ ကြည်နှုးမိတယ်
အဖေ့အတွက်ရည်မှန်းပြီး ကိုယ်နိုင်သလောက်လေးလှူပေးရလို.စိတ်ကျေနပ်မိတယ်

Monday, March 17, 2008

ကုန်မှန်းမသိကုန်သွားတဲ့အချိန်လေးတွေ


၁၈ နှစ်ဆိုတဲ့အချိန်လေးကကုန်မှန်းမသိ
ကုန်သွားတဲ့အချိန်လေးတွေပါ
ကျေးဇူးရှင်ဖခင်ကြီးကွန်လွန်သွားတာ ဒီမတ်လ(၂၂)ရက်ဆိုရင်
(၁၈)နှစ်ပြည့်ခဲ့ပါပြီ
ပြန်စဉ်းစားကြည့်တော့ အဖေဟာခုအချိန်ထိရှိနေသေးသလိုပါဘဲ
ဝမ်းနည်းတဲ့အချိန်တွေဆိုရင်လည်း
သတိရတမ်းတမိတယ်
စိတ်ထဲကနေမှန်းပြီးတိုင်တည်မိပါတယ်
ဝမ်းသာတဲ့အခါလည်း ရည်မှန်းပြီးသတိရလိုက်ပါတယ်
ဒီအချိန်မှာရှိခဲ့ရင်ဘယ်လောက်ကောင်းလိမ့်မလဲဆိုတဲ့အတွေးလေးနဲ.ပါ နှစ်စဉ်နှစ်တိုင်းဒီလရောက်ရင်တော့ရွှေတိဂုံဘုရားမှာရေချမ်းတော်အလှူတော်ငွေကို
ကိုယ်ရဲ့လစာငွေထဲကနေ နိုင်သလောက်အလှူလေးကိုမပြတ်အောင်တော့အလှူလုပ်ပါတယ်
ကိုယ်နိုင်သလောက်အလှူအတန်းလေးလုပ်ခဲ့ရင်လည်း
ရောက်လေရာဘ၀မှာသာဓုခေါ်နိုင်ပါစေလို.
ကောင်းရာဘုံဘ၀ကိုရောက်နေမယ်ဆိုတာကိုသိပေမဲ့
မျှဝေပြီးတော့ရစေချင်ပါတယ်
ကိုယ်လည်းတနေ.နေ.တချိန်ချိန်မှာဒီလမ်းကိုသွားမယ်ဆိုတာကိုသိနေပါတယ်လေ
ဒီလိုသွားနိုင်ဖို.ဆိုတာကြိုတင်ပြင်ဆင်မှုလေးတော့လုပ်ထားသင့်ပြီလေ
အသိတရားလေးတော့ရှိပေမဲ့လက်တွေ.ကျင့်ကြံဖို.တော့အတော်လေးကြိုးစားယူရအုံးမယ်

Sunday, March 16, 2008

River is no Return


River is no Return
ဆိုတဲ့အတိုင်းဘဲ ကိုယ်ကလုပ်ပေးလိုက်ရတဲ့အရာအားလုံးကို
ဘာမှမျှော်လင့်ချက်မထားဘဲ
ကိုယ်လုပ်ပေးနိုင်သမျှကိုလုပ်ပေးလိုက်တာဘဲ
ကောင်းပါတယ်
လုပ်ပေးနိုင်တဲ့ အရာဘဲလုပ်ပေးနိုင်တာပါ
တချို.ကိစ္စတွေဆို လုပ်ပေးချင်တာတောင်မှ မလုပ်ပေးနိုင်ပါဘူး
စေတနာသန်.သန်.လေးထားပြီး လုပ်ပေးလိုက်တာအကောင်းဆုံးပါဘဲ
ချောင်းရေ၊ မြစ်ရေလေးလို.ပါဘဲ အသွားသာရှိပြီး
အပြန်ကိုပြန်ပြီးမမျှော်လင့်ပါဘူး